ဒင်္ဂါးမုန့်တိုက်ကို၂၂.၈.၂၀၁၄တွင် လမ်း၆၀၊ ၂၆ x ၂၇ လမ်းကြား၊ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့တွင် ဂတ်စ်ဖို (၁)လုံး၊ လုပ်သား (၅)ယောက်၊ မုန့်ဆရာ (၁)ယောက်၊ Marketing (၁)ယောက်၊ စာရင်းဇယားများကို ပိုင်ရှင်ကိုယ်တိုင် လုပ်ကိုင်၍ စုစုပေါင်း ဝန်ထမ်းအင်အား (၈)ယောက်ဖြင့် စတင်ဖွဲ့စည်းလုပ်ကိုင်ခဲ့ပါသည်။
လုပ်ငန်းစတင်လုပ်ကိုင်စဉ်က ကွတ်ကီး၊ကိတ်ခြောက်၊ထောပတ်မုန့်ကြွပ်များကို စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၈ တွင် လူအင်အား (၆၀)ကျော်ထိ တိုးပွားလာကာ စဉ်ဆက်မပြတ်ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ထိုမှတစ်ဆင့် ကုန်းတန်းရပ်ကွက်၊ပုသိမ်ကြီးမြို့နယ်သို့ ပြောင်းရွှေ့ကာ တိုးချဲ့လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၈ မှ ၂၀၂၁ အတွင်းဒင်္ဂါးမှ ၂၀၀ကျပ်တန်ပေါင်မုန့်များဖြစ်သော စတော်ပေါင်မုန့်၊အုန်းပေါင်မုန့်၊နာနတ်ပေါင်မုန့်၊ချောကလက်ပေါင်မုန့်၊မြေပဲပေါင်မုန့်၊လိမ္မော်ပေါင်မုန့်၊ပိန်းဥပေါင်မုန့်၊ကုလားပဲပေါင်မုန့် တို့ကို ထုတ်လုပ်ခဲ့ပါသည်။

လုပ်ငန်းတစ်စတစ်စတိုးတက်လာတာနဲ့အမျှ လုပ်ငန်းနေရာပြောင်းရွှေ့လာခဲ့သည်မှာ စတည်ခဲ့ရာ လုပ်သား ၈ ယောက်ဖြင့် လမ်း၆၀၊ ၂၆ x ၂၇ ကြား မှတစ်ဆင့် ၅၃ လမ်း၊ ၂၈ x ၂၉ ကြားသို့လည်းကောင်း၊ ထိုမှတစ်ဆင့် ၈၇ လမ်း ၃၃ x ၃၄ ကြားသို့လည်းကောင်း၊ ထိုမှတစ်ဆင့် လုပ်သား ၂၁၆ ယောက် နှင့် ကား ၄ စီးဖြင့် ၁၀ x ၁၂ လမ်းကြား၊ မြို့ပတ်လမ်းသို့ ယခုလက်ရှိထိတိုင်အောင် ၄ နေရာတိုင်တိုင် ရှိခဲ့ပါသည်။
ဒါ့အပြင် ၂၀၂၀ ကာလအတွင်း ဒင်္ဂါးမုန့်တိုက်မှ မုန့်များကို မကွေးတိုင်း(ရေနံချောင်း၊ချောက်၊တောင်တွင်းကြီး၊ဂန့်ဂေါ) ပဲခူးတိုင်း(ညောင်လေးပင်၊တောင်ငူ၊ပြည်၊ဖြူး)ရှမ်းတောင် (တောင်ကြီး၊အောင်ပန်း၊ကလော၊ညောင်ရွှေ၊တာချီလိတ်)ဗန်းမော်(ရွှေဂူ)စစ်ကိုင်းတိုင်း(ကသာ၊ကလေး၊တမူး၊ကလေးဝ၊မုံရွာ၊ရွှေဘို၊ဝက်လက်၊ခင်ဦး၊တန့်ဆည်၊အင်းတော်၊ကောလင်း၊ဝန်းသို၊ထီးချိုင့်)မန္တလေးတိုင်း(သာစည်၊မိတ္ထီလာ၊ဝမ်းတွင်း၊နွားထိုးကြီး၊မြင်းခြံ၊ကျောက်ပန်းတောင်း၊ပုဂံညောင်ဦး၊သပိတ်ကျင်း၊မတ္တရာ၊ပြင်ဦးလွင်၊ကျောက်ဆည်၊စဉ့်ကူး၊မိုးကုတ်၊တကောင်း)လွိုင်ကော်(ဒီမော်ဆို၊ဖရူဆို၊ရွာသစ်၊ဘောလခဲ၊မယ်စဲ့) ရှမ်းမြောက် (နောင်ချို၊သီပေါ၊ကျောက်မဲ၊လားရှိုး၊မူဆယ်၊နမ့်ခမ်း) လားရှိုး၊ဟားခါး၊ပခုက္ကူ၊ရွှေဘို၊မိတ္ထီလာ၊နေပြည်တော်၊ရမည်းသင်း၊မော်လမြိုင်၊ကောလင်း၊ထီးချိုင့်၊ရေဦး၊တန့်ဆည် စတဲ့မြို့များသို့ ကိုယ်တိုင်ကိုယ်ကျ မုန့်များစွာကို ဖြန့်ချိနိုင်ခဲ့ပါသည်။

၂၀၂၂ တွင် ပဲလွန်းအရသာကိုအခြေခံပြီး ဈေးကွက်ထဲတွင် ရွှေပဲပေါင်မုန့်အဖြစ်သို့လည်းကောင်း၊ ၂၀၂၃ တွင် မြန်မာ့ရိုးရာအစားအစာထဲက တစ်ခုဖြစ်သော ရွှေကြည်အရသာကို အခြေခံပြီး ပေါင်မုန့်နှင့်တွဲဖက်၍ မြန်မာနိုင်ငံတွင် ပထမဆုံး ရွှေကြည်ပေါင်မုန့်အဖြစ်သို့လည်းကောင်း၊ ၂၀၂၄ တွင် ကောက်ညှင်းအရသာကို အခြေခံပြီး ဈေးကွက်ထဲတွင် ရွှေကောက်ညှင်းပေါင်မုန့်အဖြစ်သို့လည်းကောင်း ဆန်းသစ်တီထွင်ကာ ထုတ်လုပ်ရောင်းချခဲ့ပါသည်။

ထိုသို့ တိုးတက်လာသည်နှင့်အမျှ ဝန်ထမ်းအင်အားများလာသည်နှင့် လုပ်ငန်းဧရိယာများလည်း ပိုမိုချဲ့ထွင်လာခဲ့ပြီး ယခုအချိန်ထိတိုင် ပုသိမ်ကြီးမြို့နယ်၊ အရှေ့မြို့ပတ်လမ်း၊ကုန်းတန်းရပ်ကွက်တွင် ဝန်ထမ်းအင်အား (၂၅၀)ကျော်ဖြင့် မုန့်အမျိုးအစား(၅၀) ကျော်ကို ထုတ်လုပ်ဖြန့်ချိရောင်းချလျက်ရှိပါသည်။ ဒင်္ဂါးမှ ထွက်ရှိထားသောမုန့်များကို ၈၇လမ်း၊ ၃၃ x ၃၄ လမ်းကြားရှိ လက်လီအရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်သလို မိုင်၁၀၀ ပတ်လည်ရှိ ကုန်သည်များဆိုင်တွင်သာမက အမြို့မြို့အနယ်နယ်ရှိ ကုန်သည်များထံတွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။